ကဘူးလ်   ဩဂုတ်   ၁၈

အာဖဂန်နစ္စတန် လျှပ်စစ်ဓာတ်အား ကုမ္ပဏီဖြစ်သည့် ဒါအာဖဂနစ္စတန် ဘရက်ရှ်နားရှာကတ်သည်    နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများ  ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၄၁ သန်း ခန့်တန်ဖိုးရှိ စာချုပ်များကို လက်မှတ်ရေးထိုး ခဲ့ကြောင်း အဆိုပါကုမ္ပဏီက ဩဂုတ် ၁၆ ရက်တွင် ပြောသည်။

အဆိုပါ စာချုပ်များတွင်   ဓာတ်အားလိုင်းများ တိုးချဲ့ခြင်း၊ ဓာတ်အားခွဲရုံများ   တည်ဆောက်ခြင်းအပါအဝင်    အဓိကစီမံကိန်း သုံးခုပါဝင်ကြောင်း  သိရသည်။   နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည့် အဆိုပါစီမံကိန်းများက  ဟီရတ်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ပြီး တည်ငြိမ်မှုရှိအောင်လည်း  လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် မကြာခဏ   လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်   ကြုံတွေ့နေရပြီး အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသော လျှပ်စစ်ဓာတ်အားများအပေါ် မှီခိုအားထားနေရကြောင်း သိရသည်။                                            

ဆင်ဟွာ