ကဘူးလ်    စက်တင်ဘာ   ၄

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း၌ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေ မှာ ၂၂၀၅ ဦး   ရှိပြီး  ဒဏ်ရာရရှိသူ   ၃၆၄၀   ရှိသည်ဟု အာဖဂန်လခြမ်းနီအသင်းမှ   စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြိုကျနေသည့်အိမ်များအောက်တွင် ပိတ်မိနေသူများ   ရှိနေဆဲဖြစ်သည်ဟု  သတင်းများထွက်ပေါ်နေချိန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု  အဖွဲ့အစည်းက ပြော သည်။ 

ကနဦးသတင်းအချက်အလက်များအပေါ် မူတည်၍ သေဆုံးသူစာရင်းကို တွက်ချက်ရခြင်းဖြစ်ပြီး သေဆုံးသူဦးရေ နောက်ထပ်တိုးလာနိုင်ခြေရှိသည်ဟု အဖွဲ့အစည်းက ပြောကြားခဲ့သည်။

နေရာအများအပြားတွင် နေအိမ်ဆုံးရှုံးသွားသည့် မိသားစုဝင်များအတွက်  ရွက်ဖျင်တဲများစီစဉ်ပေးထားပြီး အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများလည်း ဖြန့်ဖြူးပေးလျက်ရှိသည်ဟု အာဖဂန်ယာယီအစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ     ဟမ်ဒူလာဖစ်ရတ်က     လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ 

ငလျင်ဘေးသင့်ဒေသတွင် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်ပေါင်း  ၆၇၈၂  လုံးရှိသည်ဟု   စက်တင်ဘာ ၃ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဩဂုတ် ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၇ မိနစ်တွင် ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်၏ ဗဟိုချက်သည် နန်ဂါဟာပြည်နယ်မြို့တော် ဂျလာလာဘတ်   အရှေ့မြောက်ဘက်  ၂၇ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ