ကဘူးလ်   နိုဝင်ဘာ   ၃၀

အာဖဂန်နစ္စတန်နိုင်ငံ၌   လွန်ခဲ့သည့်ရှစ်လကျော် အတွင်း အမေရိကန်ဒေါ်လာ ကိုးသန်းခန့်တန်ဖိုးရှိ ထင်းရှူးစေ့တန်ချိန်  ၆၄၅ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာက   နိုဝင်ဘာ   ၃၀   ရက်တွင် ထုတ်ပြန်ထားသည်။ 

ထင်းရှူးစေ့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ အရေးပါဆုံးပို့ကုန်ပစ္စည်းဖြစ်ပြီး   တရုတ်၊   အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)၊ အီတလီ၊  ဆော်ဒီအာရေဗျနှင့် အမေရိကန်နိုင်ငံတို့ အပါအဝင် ကုန်သွယ်ဖက်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒယ်ဆာလမ် ဂျာဝပ်၏ ပြောကြားချက်ကို ကိုးကား၍ ဒေသဆိုင်ရာ မီဒီယာ တိုလိုနယူးစ်က ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းသစ်တောများမှ အများဆုံးထွက်ရှိသည့်  ထင်းရှူးစေ့သည်  နိုင်ငံအတွက် နိုင်ငံခြားငွေရှာဖွေပေးရာတွင် အရေးပါသော အရင်းမြစ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ဆင်ဟွာ