အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၈ ခုနှစ်မှစတင်ကာ လေးနှစ်တစ်ကြိမ်ကျင်းပသွားမှာ ဖြစ်တယ်လို့ အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မိုဆက်ပီက ကြေညာခဲ့ပါတယ်။ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ၁၉၆၈ ခုနှစ်ကတည်းက နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်အနေနဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပဖို့ စီစဉ်ခဲ့တဲ့အပြင် ဆုကြေးငွေကိုလည်း အမေရိကန်ဒေါ်လာ ခုနစ်သန်း ချီးမြင့်ခဲ့ရာမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်းအထိ တိုးမြှင့်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကျင်းပမယ့်အချိန်ကာလကိုလည်း စက်တင်ဘာလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့မှာ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ငွေကြယ်


