ဂျီနီဗာ အောက်တိုဘာ  ၁၅

အာရုံကြောဆိုင်ရာအခြေအနေများသည်  ကမ္ဘာ့လူဦးရေ၏    ၄၀ ရာခိုင်နှုန်းကျော် သို့မဟုတ် လူဦးရေ ၃ ဘီလီယံအပေါ် သက်ရောက်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများတိုးပွားလာခြင်းကြောင့် နှစ်စဉ်ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁၁သန်းနီးပါးသေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အောက်တိုဘာ ၁၄ ရက်တွင်   ထုတ်ပြန်သည့်  အာရုံကြောဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

၂၀၂၁  ခုနှစ်အထိ   လူသေဆုံးခြင်းနှင့်မသန်စွမ်းမှုကိုဖြစ်စေသည့် အာရုံကြောဆိုင်ရာအခြေအနေ ရောဂါများမှာ လေဖြတ်ခြင်း၊ မွေးကင်းစကလေး ဦးနှောက်ရောင်ရောဂါ၊  ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အယ်ဇိုင်းမားရောဂါနှင့် အခြားသောစိတ်ကျရောဂါများ၊ ဆီးချိုကြောင့်ဖြစ်သည့် အာရုံကြောရောဂါ၊  ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝက်ရူးပြန်ရောဂါ၊ လမစေ့ဘဲမွေးဖွားခြင်းနှင့်ဆက်စပ်သည့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် အာရုံကြောစနစ်ကင်ဆာရောဂါများ ဖြစ်သည်။

ဝင်ငွေနည်းပါးသောနိုင်ငံများတွင်  အာရုံကြောရောဂါ အထူးကုဆရာဝန်အရေအတွက်သည် ဝင်ငွေမြင့်နိုင်ငံများထက် အဆ ၈၀ ကျော် ပို၍နည်းပါးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင်  ဝင်ငွေနည်းပါးသောနိုင်ငံများနှင့်  ဝင်ငွေအလယ်အလတ် ရှိသောနိုင်ငံများတွင်        နိုင်ငံတော်အဆင့်ကျန်းမာရေးစီမံချက်များ၊ ဘဏ္ဍာရေးနှင့်    ဝန်ထမ်းအင်အား လုံလောက်စွာမရှိကြောင်း     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆက်လက်ပြောကြားခဲ့သည်။         

ဆင်ဟွာ