ဂျေရုဆလင် စက်တင်ဘာ ၂၇
အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ယမန် နေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။ မကြာသေးမီက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ် ပြုထားသော ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအချို့ကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။
အစ္စရေးသည် ဂါဇာမြို့ကို သိမ်းပိုက်ရန် ၎င်း၏စစ်ဆင်ရေးကို ဆက်လက်မြှင့်တင်သွား မည်ဖြစ်ကြောင်း နေတန်ယာဟု က အလေးပေးပြောကြားခဲ့သည်။ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆန့်ကျင်သည့် အစ္စရေး၏ ရပ်တည်ချက်ကို နေတန်ယာဟုက အလေးပေးပြောကြားခဲ့သည်။ ထို့ပြင် ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေးအတွက် ထောက်ခံသည့်နိုင်ငံများသည် အောက်တို ဘာ ၇ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို အားပေးခြင်းဖြစ်ကြောင်း နေတန်ယာဟု က ပြောကြားခဲ့သည်။
ဂါဇာ၌ တိုက်ပွဲများချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအဖွဲ့ဌာနချုပ်အနီးတွင် ပြည်သူများက စုဝေးဆန္ဒ ထုတ်ဖော်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့် လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံကို ၎င်းတို့အနေဖြင့် မြင်ချင်ပါကြောင်း ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောကြားခဲ့သည်။
ဟားမတ်စ် ဖမ်းဆီးထားသော ဓားစာခံများ၏ ဆွေမျိုးများနှင့် လွတ်မြောက်လာသူများအပါအဝင် အစ္စရေးအား ဆန့်ကျင်သူများက စုဝေးဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


