ဂျေရုဆလင်  အောက်တိုဘာ  ၁၅

ဟားမားစ်အဖွဲ့သည်   ဂါဇာကမ်းမြောင်တွင် ကျန်ရှိနေသေးသော    ဓားစာခံရုပ်အလောင်းများကို     ပြန်လည်လွှဲပြောင်းပေးမည်ဟု အစ္စရေးအနေဖြင့်   မျှော်လင့်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရှော့ရှ်ဘက်ဒရိုစီယန်က အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။

ဟားမားစ်အဖွဲ့သည်  အောက်တိုဘာ ၁၃ ရက်က  အသက်ရှင်ကျန်ရှိနေသေးသော ဓားစာခံ ၂၀ လွှတ်ပေးခဲ့သည်။  ယင်းနောက်တွင် သေဆုံးရုပ်အလောင်း  ၂၈  ဦးထဲမှ  ခုနစ်ဦး၏  ရုပ်အလောင်းကို  ထပ်မံလွှဲပြောင်းပေးခဲ့သည်။

အစ္စရေးသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသော်လည်း    ရာဖာနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မှုကို   ရပ်ဆိုင်းထားရန်နှင့် ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ထပ်မံလျှော့ချရန် အောက်တိုဘာ ၁၄ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                                                          

ဆင်ဟွာ