ဂျေရုဆလင် အောက်တိုဘာ ၁၂
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပြန်လည်လွတ်မြောက်လာမည့် မိသားစုဝင်များကို စောင့်မျှော်နေသည့် ပြည်သူများက အစ္စရေးနိုင်ငံ တဲအဗစ်မြို့၌ လူထုစုဝေးပွဲတစ်ရပ် ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။
၎င်းတို့အနက် အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီးဗ်ဝတ်ကော့ဖ် အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာနှင့် ၎င်း၏ခင်ပွန်း ဂျာရတ်ကူရှာနာတို့လည်း တက်ရောက်ခဲ့သည်။
ဓားစာခံများ၏ မိသားစုများနှင့် ၎င်းတို့၏ ထောက်ခံသူများက အစ္စရေး၏ အကြီးဆုံးစီးပွားရေး မြို့တော် တဲအဗစ်မြို့၌ စနေနေ့ညတိုင်း တွေ့ဆုံကြသည်။ ယမန်နေ့တွေ့ဆုံမှုသည် အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
တက်ရောက်လာသူများက ကြွေးကြော်သံများရွတ်ဆိုကာ ဓားစာခံများ၏ ဓာတ်ပုံများနှင့် သမ္မတထရမ့်ကို ကျေးဇူးတင်သည့်စာတန်းများ ကိုင်ဆောင်ခဲ့ကြသည်။
ဓားစာခံများ ပြန်လည်လွတ်မြောက်လာမည်ကို ယုံကြည်ကြောင်းနှင့် သမ္မတထရမ့်သည် ဂါဇာအရေးကို ကောင်းမွန်စွာကိုင်တွယ်နိုင်ကြောင်း အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


