ဂျေရုဆလင် အောက်တိုဘာ ၂၇
အစ္စရေးနိုင်ငံတောင်ပိုင်း၌ အထူးအခြေအနေ ကြေညာခဲ့ခြင်းအား ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။
အစ္စရေးတပ်မတော်၏ အကြံပြုချက်အရ အထူးအခြေအနေကြေညာထားခြင်းကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ ရုပ်သိမ်းမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်က ပြောသည်။
နိုင်ငံတောင်ပိုင်းတွင် လုံခြုံရေးအခြေအနေကောင်းလာသည့်အတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြောသည်။
လက်ရှိအချိန်တွင် ဓားစာခံများပြန်လည်လွတ်မြောက်လာခြင်းနှင့်အတူ ဟားမတ်စ်အဖွဲ့၏ လက်နက်များကိုလည်း ဖျက်ဆီးခဲ့ကာ ဂါဇာဒေသကိုလည်း စစ်မက်ကင်းသည့် ဒေသတစ်ခုဖြစ်လာ စေရေး ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးကတ်က ပြောသည်။ ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာဒေသတွင်တိုက်ခိုက်မှုများဆောင်ရွက်ခြင်းကို အစ္စရေးက ခွင့်ပြုမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။ လွတ်လပ်သည့်နိုင်ငံဖြစ်သည့် အစ္စရေးနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်က ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


