ဒေါ့မွန်အသင်းဟာ အောက်တိုဘာ ၃၁ ရက်ညပိုင်းက အော့စ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့်(၂)နေရာကို တက်လှမ်းခွင့်ရရှိခဲ့ ပြီဖြစ်ပါတယ်။

 

ဒေါ့မွန်အသင်းဟာ အော့စ်ဘတ်အသင်းကို ပထမပိုင်းပွဲကစားချိန် ၃၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂွီရက်ဆိုင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

 

ဒေါ့မွန်အသင်းအနေနဲ့ အော့စ်ဘတ်အသင်းကို အနိုင်ရရှိခဲ့တာ ကြောင့် ဘွန်ဒက်လီဂါပွဲစဉ်(၉)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေပြီး အော့စ်ဘတ်အသင်းကတော့ အဆင့်(၁၅)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

 

နိုဝင်ဘာ ၁ ရက်ညပိုင်းက    ယှဉ်ပြိုင်ကစားခဲ့တဲ့  အခြားသော ဘွန်ဒက်လီဂါပွဲစဉ်တွေမှာတော့ လိုက်ပ်ဇစ်အသင်းက စတုဂတ်အသင်းကို သုံးဂိုး-တစ်ဂိုး၊ မိုချန်ဂလာဘတ်ခ်ျအသင်းက ပေါလီအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  ဖရိုင်းဘတ်အသင်းနဲ့ ယူနီယံဘာလင် အသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေ၊ ဖရန့်ဖတ်အသင်းနဲ့ ဟေဒမ်ဟိမ်းအသင်း တို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ ဝါဒါဘရီမင်အသင်းနဲ့ မိန့်ဇ်အသင်း တို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေရလဒ် စသည်ဖြင့် အသီးသီးထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။  

 

                                                    

ငွေကြယ်