အောင်လံ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ရပ်ကွက်အလိုက် ကော်မရှင်ရုံးခွဲများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာရာ ရပ်ကွက်ရုံးများသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


