တိုကျို စက်တင်ဘာ ၂၄

ဉာဏ်ရည်တုနည်းပညာ  (အေအိုင်) ကို အခြေခံ၍ တည်ဆောက်ထားသော ယာဉ်မောင်းအကူအညီ နည်းပညာကို နစ်ဆန်းကုမ္ပဏီက ထုတ်ဖော်ပြသခဲ့သည်။ နစ်ဆန်းကုမ္ပဏီသည် ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း  ရောင်းချမည့်ကားများတွင် အဆိုပါနည်းပညာကို အသုံးပြုရန် စီစဉ် ထားသည်။

နစ်ဆန်းသည်  ၎င်း၏  Pro Pilot   နည်းပညာကို  ယူကေရှိ  Wayve ကုမ္ပဏီနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည်  လွန်ခဲ့သည့်သီတင်းပတ်က  တိုကျိုမြို့၌  ကားတစ်စီးကို စမ်းသပ်မောင်းနှင်ခဲ့သည်။

အဆိုပါကားတွင် ပတ်ဝန်းကျင်ယာဉ်အသွားအလာကို ပတ်ပတ်လည်စောင့်ကြည့်ရန်နှင့် ဘီးနှင့် ဘရိတ်များကို   ထိန်းချုပ်ရန်  ကင်မရာ  ၁၁   လုံး  အသုံးပြုထားသည်။   အဆိုပါနည်းပညာသည် အပြည့်အဝမောင်းသူမဲ့ကားစနစ်၏ ရှေ့ပြေးအဆင့်ဖြစ်နိုင်ကြောင်း ကုမ္ပဏီကပြောသည်။  လက်ရှိစနစ်တွင်   ယာဉ်မောင်းအနေဖြင့် စတီယာရင်ကို အချိန်ပြည့်ကိုင်ထားရန် လိုအပ်ဆဲဖြစ်သည်။

အင်န်အိတ်ချ်ကေ