အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်မှ ဩဂုတ် ၂၇ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစား ခဲ့သည့် ဘုန်းမောက်နှင့် ဘရန့်ဖို့ဒ်အသင်းပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက နှစ်ဂိုးပြတ်အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ဘုန်းမောက်အသင်းနှင့်တွေ့ဆုံခဲ့သည့် နောက်ဆုံး ရှစ်ကြိမ်တွင် နိုင်ပွဲရရှိမှု ခြောက်ကြိမ်အထိရှိလာပြီဖြစ်သည်။
ဘုန်းမောက်အသင်းအတွက် သွင်းဂိုးများကို ဖေဘီယိုကာဗဲလ်ဟိုနှင့် သီယာဂိုတို့က ပွဲကစားချိန် ၃၄ မိနစ် နှင့် ၆၅ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။ ပွဲကစားချိန်ပြည့်ခါနီးတွင် ဘုန်းမောက်အသင်းမှ အရာဂျို နှစ်ဝါတစ်နီဖြင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။
ဘုန်းမောက်အသင်းသည် ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုပိုင်း၊ ဂိုးပေါက် ကန်သွင်း ခြိမ်းခြောက်မှုပိုင်းတို့တွင် အသာစီးရယူနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့်အတွက် ရှုံးပွဲကြုံတွေ့ကာ နောက်တစ်ဆင့်တက်လှမ်း ခွင့်လွဲချော်ခဲ့သည်။
အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်မှ အခြားအသင်းကြီးပွဲစဉ်ရလဒ်များတွင် ဆောက်သမ်တန်က နော့ဝှစ်ချ် ကို သုံးဂိုး-ဂိုးမရှိ၊ ဝုဖ်က ဝက်စ်ဟမ်းကို သုံးဂိုး-နှစ်ဂိုး၊ ဘန်စလေက ရိုသာဟမ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဟက်ဒါဖီးလ်က ဆန်းဒါးလန်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် ခြောက်ဂိုး-ငါးဂိုး၊ ဘန်လေက ဒါဘီကို နှစ်ဂိုး-တစ်ဂိုးဖြင့် အသီးသီးနိုင်ပွဲကိုယ်စီ ရရှိခဲ့ကြသည်။
အောင်ဇော်


