ကိုင်ရို ဩဂုတ် ၂၄
အီဂျစ်နိုင်ငံက ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများတင် ဆောင်ထားသော ထရပ်ကားယာဉ်တန်းများကို စေလွှတ်ခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင်သတင်းအေဂျင်စီ က ယနေ့ပြောကြားသည်။
အစ္စရေးက ယခုသီတင်းပတ်ကုန်တွင် နယ်စပ် ဖြတ်ကျော်မှုကို ပိတ်ပင်ခဲ့ပြီးနောက် အီဂျစ်အစိုးရက ယခုအကူအညီများ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
အီဂျစ်လခြမ်းနီအဖွဲ့မှ ဦးဆောင်သည့် ဂုဏ်ပြုထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါယာဉ်တန်းသည် ဂါဇာသို့မဝင်မီ အစ္စရေးအာဏာပိုင်များ စစ်ဆေးရန်အတွက် ရာဖာမြို့မှ ကီရမ်ရှာလွမ်မြို့သို့ ဖြတ်သန်းသွားခဲ့သည်။
အဆိုပါထရပ်ကားများပေါ်တွင် ပေါင်မုန့်၊ လောင်စာ၊ဆေးဝါးနှင့် အခြားလိုအပ်သော အထောက် အပံ့များ သယ်ဆောင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂက ဂါဇာကမ်းမြောင်ဒေသ၌ အငတ်ဘေးကျရောက်လျက်ရှိကြောင်း အတည်ပြုပြီးနောက် အီဂျစ်အစိုးရက အဆိုပါ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ခြင်းဖြစ်သည်။
အဓိကရုဏ်းဖြစ်ပွားသည့်အချိန်မှစပြီး ဂါဇာကမ်းမြောင်သို့ပေးပို့သည့် အကူအညီအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ကို အီဂျစ်အစိုးရက ထောက်ပံ့ခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့ သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ၆၂၆၈၆ ဦး သေဆုံးပြီး ၁၅၇၉၅၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ယနေ့ အတည်ပြုပြောကြားသည်။ အငတ်ဘေးနှင့် အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၁၁၅ ဦး အပါအဝင် ၂၈၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


