ကိုင်ရို ဒီဇင်ဘာ ၂၆

 

အီဂျစ်နိုင်ငံ ကိုင်ရိုတောင်ပိုင်း ဂီဇာပြည်နယ်၌ ငါးထပ်လူနေ အဆောက်အအုံတစ်လုံး ပြိုကျမှု ဖြစ်ပွားသဖြင့် သေဆုံးသူ ရှစ်ဦးရှိကြောင်း အီဂျစ်နိုင်ငံပိုင် အာရမ် အွန်လိုင်းသတင်းဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

 

ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေရေးလုပ်ငန်းများနှင့် အပျက်အစီးများကို ဖယ်ရှားခြင်းလုပ်ငန်းများ အဆက်မပြတ်ဆောင်ရွက်ရာ နှစ်ရက်အကြာတွင် နောက်ဆုံးပျောက်ဆုံးနေသူကို ပြန်လည် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 

ဂီဇာအတွင်း လူဦးရေထူထပ်သော ဒေသဖြစ်သည့် အင်ဘာဘာ ၌ ဒီဇင်ဘာ ၂၃ ရက် နှောင်းပိုင်းက အဆောက်အအုံပြိုကျသဖြင့် အနီးအနားရှိ အဆောက်အအုံများကို ပျက်စီးစေခဲ့ကြောင်း သိရသည်။  အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အထူးအင်ဂျင်နီယာကော်မတီ တစ်ဖွဲ့ကို တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ဆင်ဟွာ