တီဟီရန် နိုဝင်ဘာ ၁၅

 

အီရန်နိုင်ငံက အစ္စရေးနှင့် စစ်ရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် အချိန်တွင် အသုံးပြုခဲ့သည့် ပဲ့ထိန်းဒုံးကျည်အမျိုးအစားများကို မြို့တော်တီဟီရန်၌ ယမန်နေ့ကပြသခဲ့ကြောင်း အီရန်၏ အစ္စလာမ္မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါပြပွဲသို့ အင်န်အိတ်ချ်ကေ သတင်းဌာနအပါအဝင် အီရန်နိုင်ငံပြင်ပမှ အခြားသောမီဒီယာများလည်း တက်ရောက်ခဲ့သည်။

 

ခင်းကျင်းပြသထားသည့် ပြည်တွင်းထုတလက်နက်များအနက် ကီလိုမီတာ ၂၀၀၀ အကွာအဝေးရှိသည့် Khorramshahr ပဲ့ထိန်းဒုံးကျည် ပါဝင်သည်။ အခြားအမျိုးအစားဖြစ်သည့် Emad ပဲ့ထိန်းဒုံးကျည်သည်လည်း ကီလိုမီတာ ၁၇၀၀ အကွာအဝေးရှိ ပစ်မှတ်ကို ပစ်နိုင်စွမ်းရှိသည်။

 

ထို့ပြင် ခေတ်မီဒရုန်းများနှင့် လေကြောင်းရန်ကာကွယ်ရေးရေဒါများကိုလည်း ပြသခဲ့သည်။ အီရန်သည် ဒုံးကျည်နယ်ပယ်တွင် ကျော်ကြားထင်ရှားသည့် နိုင်ငံဖြစ်ကြောင်းနှင့် အစ္စရေး၊ အမေရိကန် သို့မဟုတ် အခြားနိုင်ငံများက ရန်လိုတိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်နိုင်ကြောင်း တော်လှန်ရေးအစောင့်တပ်မှ ဗိုလ်မှူးချုပ် အလီဘာလာလီက ပြောကြားခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်