တီဟီရန်    ဩဂုတ်  ၂၁

အီရန်ရေတပ်သည် စဉ်ဆက်မပြတ်သည့်စွမ်းအား ၁၄၀၄ အမည်ရှိ နှစ်ရက်ကြာ ဒုံးကျည်ပစ်ခတ်  ရေကြောင်းစစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို အိုမန်ပင်လယ်ကွေ့နှင့်    အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် ဩဂုတ် ၂၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း အီရန်တပ်မတော် သတင်းဝက်ဘ်ဆိုက်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ရေးလေ့ကျင့်မှု၏ ပထမနေ့တွင် အီရန်တပ်ဖွဲ့သည် ပင်လယ်အတွင်းရှိ  ပစ်မှတ်များအား တာဝေးပစ်ဒုံးကျည်များဖြင့်   ကမ်းရိုးတန်းဒေသနှင့်  ရေယာဉ်များပေါ်မှ   ပစ်ခတ်ခဲ့ရာ    ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်။

ယခု    စစ်ရေးလေ့ကျင့်မှုတွင် ပြည်တွင်းထုတ် တာတို၊  တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များ၏ စွမ်းရည်ကို ပြသနိုင်ခဲ့ကြောင်း အီရန်တပ်မတော်က ပြောကြားသည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် ပထမအကြိမ်အဖြစ် စစ်ရေးလေ့ကျင့်ခြင်းဖြစ်သည်။      

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ