ဘဂ္ဂဒက် စက်တင်ဘာ ၂၉
အီရတ်နိုင်ငံသည် ဩဂုတ်လအတွင်း ရေနံစိမ်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရရှိခဲ့သည်ဟု အီရတ်ရေနံဈေးကွက် ရှာဖွေရေးအဖွဲ့(အက်စ်အိုအမ်အို)က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
ဩဂုတ်လအတွင်း အီရတ်နိုင်ငံ၏ ရေနံစိမ်းစည်တင်ပို့မှုစုစုပေါင်း၁၀၄ ဒသမ ၈ သန်းကို ကျော်လွန်ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇ ဒသမ ၁၆ ဘီလီယံခန့်ရရှိခဲ့ကြောင်း တရားဝင်အချက်အလက်များကို ကိုးကား၍ အက်စ်အိုအမ်အိုက ပြောသည်။
အီရတ်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းရေနံမြေများမှ ရေနံစိမ်းစည် ၁၀၃ ဒသမ ၈၉ သန်းခန့်ကို နိုင်ငံ၏ ဗဆ်ရာဆိပ်ကမ်းမှတစ်ဆင့် တင်ပို့ခဲ့ကြောင်း၊ ထို့အပြင် ရေနံစိမ်းစည် ၉၁၁၁၇၈ ကို နိုင်ငံမြောက်ပိုင်း နီနာဗာရ်ပြည်နယ်ရှိ ကေယာရာ ရေနံမြေမှ တင်ပို့ခဲ့ကြောင်း သိရသည်။
အီရတ်နိုင်ငံ၏ စီးပွားရေးသည် ရေနံစိမ်းတင်ပို့ရောင်းချမှုအပေါ် ကြီးမားစွာမှီခိုနေရပြီး နိုင်ငံ့ဝင်ငွေ ၉၀ ရာခိုင်နှုန်းခန့်မှာ ရေနံတင်ပို့ ရောင်းချခြင်းမှရရှိကြောင်း သိရသည်။
ဆင်ဟွာ


