အဒစ္စအဘာဘာ  အောက်တိုဘာ  ၁၅

အီသီယိုးပီးယားနိုင်ငံ၏ လက်ရှိဘဏ္ဍာနှစ်ပထမသုံးလပတ်တွင်  ပို့ကုန်အခွန်ရငွေမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၈ ဘီလီယံ ဝင်ငွေရရှိခဲ့သည်ဟု    ကုန်သွယ်ရေးနှင့် ဒေသဆိုင်ရာ ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။

အဆိုပါပမာဏသည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၆၅ ရာခိုင်နှုန်း တိုးလာသည်ဟု ကုန်သွယ်ရေးနှင့်  ဒေသဆိုင်ရာဝန်ကြီး ကတ်ဆာဟန်ဂို့ဖ်က နိုင်ငံ၏ သုံးလပတ်ပို့ကုန်ပြန်လည်သုံးသပ်သည့်   ဖိုရမ်တွင် ကြေညာခဲ့သည်။

အီသီယိုးပီးယားနိုင်ငံသည် ဇူလိုင် ၇ ရက်တွင်  အဆုံးသတ်သည့် ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံကျော်ဝင်ငွေရရှိခဲ့ပြီး  ယခင်ဘဏ္ဍာနှစ်ကထက် ၁၁၆ ရာခိုင်နှုန်းတိုး၍ ဝင်ငွေရရှိခဲ့သည်။

ယခုလအစောပိုင်းကလည်း  အီသီယိုးပီးယားသမ္မတ တေယက်စကီ ဆယ်လက်ဆီက မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို အားကောင်းစေကာ  အဓိကကဏ္ဍများ တိုးတက်မှုကို တိုးချဲ့ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး ကြီးထွားမှုနှုန်းကို ၉ ရာခိုင်နှုန်းအထိ တိုးအောင်ပြုလုပ်ရန်  ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။                                   

ဆင်ဟွာ