အီတလီနိုင်ငံ၌ ရထားနှစ်စင်းတိုက်မိမှုကြောင့် ၁၇ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၁

အီတလီနိုင်ငံအရှေ့မြောက်ပိုင်းတွင် ယမန်နေ့နှောင်းပိုင်းက ရထားနှစ်စင်းတိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မီလန်မြို့အခြေစိုက် Corriere della Sera နေ့စဉ်ထုတ်သတင်းစာက ဖော်ပြထားသည်။

အဆိုပါရထားနှစ်စင်းသည် အီတလီနိုင်ငံ Faenza မြို့ရှိ Bologna-Rimini ရထားလမ်းတွင် ဒေသစံတော်ချိန် ည ၈ နာရီ ၂၀ ဝန်းကျင်အချိန်က တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုရထားနှစ်စင်းတိုက်မိမှုကြောင့် ရထားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ဒဏ်ရာရရှိသူ ၁၇ ဦးသည် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်ဟု သိရသည်။ ယင်းမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို