အိမ်မဲ ၁၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် ဌာနဆိုင်ရာများ မြို့နယ်ပရဟိတအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဖေဖော်ဝါရီ ၉ ရက် နံနက် ၆ နာရီခွဲက သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ပရဟိတအဖွဲ့တို့မှ စုပေါင်း၍ အထက်ပိုင်းရပ်ကွက်တွင် အမှိုက်ကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းပေးခြင်း၊ လမ်းဘေးရှိ မြက်များကို ရှင်းလင်းပေးခြင်း၊ အမှိုက်များကို မီးရှို့ပေးခြင်း၊ အမှိုက်ကားများဖြင့် အမှိုက်များသယ်ယူ စွန့်ပစ်ပေးခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်မိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


