အိမ်မဲမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသော စာစစ်ဌာနများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်လမ်းကြောင်းများရှင်းပေး

အိမ်မဲ ၁၂  မတ် 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အတွင်း တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၉ ခုရှိရာ ဘုရားကြီးကုန်းကျေးရွာ အထက ဘုရားကြီးကုန်းကျောင်းရှေ့တွင် ကျောင်းသားကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အိမ်မဲမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများက ယာဉ်လမ်းကြောင်းရှင်းပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဥမ္မာကျော် ဦးဆောင်သောအဖွဲ့က အထက ဘုရားကြီးကုန်းကျောင်းရှေ့၌ ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက်လမ်းရှင်းပေးခဲ့ပြီး အဆိုပါစာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်ဖြေဆိုသူ ၆၄ ဦးရှိကြောင်း သိရသည်။


ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

 

image-0