အိမ်မဲ၌ တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုသူ ၂၇၇၁ ဦး ရှိ

အိမ်မဲ ၇  မတ်


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အထက-၁ တွင် ၅၄၈ ဦး၊ အထက-၂ တွင် ၃၃၇ ဦး၊ အထကရွာသစ်တွင် ၅၀၈ ဦး၊ အထက -ကြို့ကုန်းတွင် ၄၇၅ ဦး၊ အထက-တကူဆိပ်တွင် ၂၁၂ ဦး၊ အထက-ဝါးတလုတ်ကမ်းနီတွင် ၂၀၉ ဦး၊ အထက- လူကောင်းကျွန်းတွင် ၁၉၁ ဦး၊ အထက-ကျုံတလုတ်တွင် ၁၀၂ ဦး၊ အထက-ဘုရားကြီးကုန်းတွင် ၁၂၉ ဦး စသည်ဖြင့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၇၁၁ ဦးတို့သည် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျှက်ရှိကြောင်း သိရသည်။


အိမ်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၁၊ အတွဲ-၂၊ အတွဲ- ၇ ဘာသာရပ်အလိုက်ဖြေဆိုမှု စာရင်းရှိ ၂၉၀၃ ဦး ရှိသော်လည်း ၁၉၂ ဦး ဖြေဆိုမှုပျက်ကွက်ခဲ့ပြီး ၂၇၁၁ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၃ ဒသမ ၃၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)