ရန်ကုန် ၂၈ ဖေဖေါ်ဝါရီ
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ စီစဉ်မှုဖြင့်အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထောက်ပံ့မှု၊ Centre for Art and Archaeology American Institute of Indian Studies ( AIIS ), အမျိုးသားပြတိုက် ရန်ကုန်မြို့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပြပွဲတစ်ခုအဖြစ် အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲကို မတ် ၃ ရက် မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက် ရန်ကုန်မြို့တွင်ပြသမည်ဖြစ်သည်။
Chola ဘုရားကျောင်းများကို ၈ ရာစုမှ ၁၂ ရာစုနှစ်များအတွင်း Chola မင်းဆက်များကာလအတွင်း တည်ဆောက်ခဲ့သည်။ ထိုဘုရားကျောင်းများကို ၁၉၈၇ ခုနှစ်မှ စတင်၍ ယူနက်စကိုမှကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပြီး Dravida အမျိုးအစား (ပိရမစ်ပုံစံ) ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ ထူးခြားသောအယူအဆများနှင့် တီတွင်မှုများကိုပြသမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်သူရ


