ဩဂုတ် ၁၃

အိန္ဒိယနိုင်ငံ၌  ဩဂုတ် ၅ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားသောကြောင့် သေဆုံးသူ ၇၀ ကျော် ရှိလာဖွယ်ရှိသည်ဟု တာဝန်ရှိသူများကပြောကြားသည်။

အသက်ရှင်ကျန်ရစ်သူများကထုတ်လွှင့်သည့် ဗီဒီယိုများတွင် အထပ်ပေါင်းများစွာရှိသော တိုက်ခန်းအိမ်ရာများ ရွှံ့ရေလုံးကြီးတွင်မျောပါသွားပုံကို ပြသခဲ့သည်။

ဉတ္တရာခန်ပြည်နယ်ရှိ ဒီဩရာလီခရီးသွားမြို့၏ အပျက်အစီးများတွင် လူသေအလောင်းများကို ရှာဖွေလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေးတပ်ဖွဲ့မှ ဂမ်ဟာဆင်းရှ်က အနံ့ခံခွေးများ၏ ခန္ဓာကိုယ်ရှိကြောင်းညွှန်ပြသည့် နေရာအများအပြားကိုတွေ့ရှိခဲ့သော်လည်း တူးဖော်မှုစတင်ပြုလုပ်ချိန်တွင်  အောက်မှရေများထွက်လာကြောင်း ပြောကြားခဲ့သည်။

ကနဦးသတင်းဖော်ပြချက်အရ လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိသော်လည်း မိုဘိုင်းလ်ဖုန်းများ ဆက်သွယ်မှုပျက်စီးခြင်း၊ လမ်းများမျောပါသွားခြင်းတို့ကြောင့် ကယ်ဆယ်ရေးသမားများအနေဖြင့် စာရင်းစစ်ဆေးရန် ရက်အတော်ကြာအချိန်ယူခဲ့ရသည်ဟု သိရသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို