ဗီယင်နာ ဒီဇင်ဘာ ၁

ရေနံတင်ပို့သည့်   နိုင်ငံများအဖွဲ့ (အိုပက်) နှင့်  အိုပက်ပလတ်စ်ဟု လူသိများသော ၎င်း၏မဟာမိတ်အဖွဲ့သည်   ရာသီအလိုက်အခြေအနေများကြောင့်   ၂၀၂၆   ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင်   ရေနံတိုးမြှင့်ထုတ်လုပ်မှုများကို ရပ်နားထားရန် ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် အိုပက်အဖွဲ့က ပြောသည်။

ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ ယူအေအီး၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့ အပါအဝင်  အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာလုံးဆိုင်ရာ  ဈေးကွက်အခြေ အနေများနှင့် စီးပွားရေးအလား အလာများသုံးသပ်ရန် ပြုလုပ်ခဲ့သော ဗီဒီယိုအစည်းအဝေးပြီးနောက်  အဆိုပါဆုံးဖြတ်ချက်   ထွက်ပေါ်လာခြင်းဖြစ်သည်။

အိုပက်ပလတ်စ်အဖွဲ့ဝင်နိုင်ငံများသည် ယခုနှစ် ဧပြီလမှစတင် ကာလအလိုက် ရေနံထုတ်လုပ်မှုကို      တိုးမြှင့်ထုတ်လုပ်လျက်ရှိသည်။ အဆိုပါ အဖွဲ့ဝင်နိုင်ငံများသည်   ဆုံးဖြတ်ချက်များ ထပ်မံချမှတ်ရန်  ၂၀၂၆  ခုနှစ်  ဇန်နဝါရီ ၄ ရက်တွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ဆင်ဟွာ