နိုဝင်ဘာ ၁၈
အဇာဘိုင်ဂျန်နိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားအရေအတွက်သည် ၂၀၂၅ ခုနှစ် ပထမဆယ်လအတွင်း ၄၉ ရာခိုင်နှုန်း မြင့်တက်လာပြီး တရုတ်ခရီးသွားဦးရေ ၅၇၀၀၀ အထိ ရောက်ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းအေဂျင်စီ၏ ဥက္ကဋ္ဌ က ယမန်နေ့က ပြောကြားခဲ့သည်။
ဧပြီလက လက်မှတ်ရေးထိုးခဲ့သော အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်များနှင့် ဘာကူနှင့် ပေကျင်း၊ ဘာကူနှင့် ဥရမ်ချီအကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်များ စတင်ခြင်းအပါအဝင် မကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှုများသည် ပိုမိုခိုင်မာသော ဖလှယ်မှုများကို အထောက်အကူပြုပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဇာဘိုင်ဂျန်သို့ လာရောက်လည်ပတ်သူများပြားသော ထိပ်တန်း ၁၀ ခုတွင် ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
အဇာဘိုင်ဂျန်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ စီအီးအိုက အဇာဘိုင်ဂျန်သည် တရုတ်နိုင်ငံတွင် ၎င်း၏ ခရီးစဉ်ဒေသ အဇာဘိုင်ဂျန်အစီအစဉ်ကို တိုးချဲ့ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပြည်ပခရီးသွားဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း အဇာဘိုင်ဂျန်၏ တည်ရှိနေမှုသည် ယင်းဈေးကွက်တွင် ဆက်လက်ကြီးထွားနေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


