အက်စ်တွန်ဗီလာအသင်းနဲ့ မန်ယူအသင်းတို့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့  ပရီမီယာလိဂ်ပွဲစဉ်မှာ အိမ်ရှင်အက်စ်တွန်ဗီလာအသင်းက မန်ယူအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းအတွက် သွင်းဂိုးတွေကို မော်ဂန်ရော်ဂျာက သွင်းယူပေးခဲ့တာဖြစ်ပြီး  မန်ယူအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ကွန်ဟာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မော်ဂန်ရော်ဂျာဟာ အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်ခြောက်ပွဲ ပါဝင်ကစားပြီးချိန်မှာ  သွင်းဂိုးခြောက်ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ အက်စ်တွန်ဗီလာအသင်းဟာ  မန်ယူအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၃၆ မှတ်  စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်မှာ   ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ သုံးမှတ်အကွာ အမှတ်ပေးဇယား အဆင့်(၃)နေရာကို   တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အက်စ်တွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် အမှတ်ပေးဇယား  အဆင့်(၇)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။       

ငွေကြယ်