ပရီမီယာလိဂ်ပွဲစဉ် (၁၈)မှ  စိတ်ဝင်စားဖွယ်ရာ   အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် ချယ်ဆီးနှင့် အက်စ်တွန်ဗီလာအသင်းပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ကွင်း၌ ဒီဇင်ဘာ ၂၈ ရက် နံနက်အစောပိုင်းတွင်  ယှဉ်ပြိုင်ကစားခဲ့ရာ    အက်စ်တွန်ဗီလာအသင်းက     အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ချယ်ဆီးအသင်းသည်  ပွဲချိန် ၃၇  မိနစ်တွင်ရရှိခဲ့သည့်  ပက်ဒရို၏ သွင်းဂိုးဖြင့် အက်စ်တွန်ဗီလာ အသင်းကို မိနစ် ၆၀ ကျော်အထိ ဦးဆောင်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင်  ချေပဂိုးနှင့်  အနိုင်ဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

အက်စ်တွန်ဗီလာအသင်းမှ  ဝတ်ကင်စ်  အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး  ပွဲချိန်  ၆၃  မိနစ်နှင့်  ၈၄  မိနစ် တွင် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူနိုင်ခဲ့သည်။    အက်စ်တွန်ဗီလာအသင်းသည်    ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက်   နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ၁၁ ပွဲတွင် ၁၁ ပွဲစလုံး နိုင်ပွဲရရှိခဲ့သည်။

အခြားပွဲစဉ်ရလဒ်များတွင်  မန်စီးတီးက နော်တင်ဟမ် ဖောရက်စ်ကို   နှစ်ဂိုး-တစ်ဂိုး၊   အာဆင်နယ် က   ဘရိုက်တန်ကို နှစ်ဂိုး-တစ်ဂိုး၊  ဘရန့်ဖို့ဒ်က  ဘုန်းမောက်ကို   လေးဂိုး-တစ်ဂိုး၊ လီဗာပူးက ဝုဖ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဖူလ်ဟမ်က  ဝက်စ်ဟမ်းကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့ပြီး ဘန်လေနှင့် အဲဗာတန်အသင်းပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သည်။

အောင်ဇော်