ဝါရှင်တန် ဒီဇင်ဘာ ၂
ဗြိတိန်လေလံလုပ်ငန်းခရစ်စတီသည် ၁၉၇၆ ခုနှစ်က ချုပ်ဆိုခဲ့သည့် အက်ပဲလ်ကွန်ပျူတာကုမ္ပဏီ တည်ထောင်ခြင်းဆိုင်ရာ ကန်ထရိုက်စာချုပ်အား ကန်ဒေါ်လာ လေးသန်းဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
စာမျက်နှာသုံးမျက်နှာရှိသည့် ၎င်းစာချုပ်အရ ၁၉၇၆ ခုနှစ် ဧပြီ ၁ ရက်တွင် အက်ပဲလ်ကွန်ပျူတာ ကုမ္ပဏီကို တည်ထောင်ခဲ့ကြောင်း သိရသည်။
၎င်းကုမ္ပဏီအား စတိဗ်ဂျော့၊ စတိဗ်ဝေါဒ်နတ်နှင့် ရွန်ဝေနီတို့က ပူးပေါင်းတည်ထောင်ခြင်းဖြစ်ပြီး တည်ထောင်ပြီး ၁၂ ရက်အကြာတွင် ရွန်ဝေနီက တည်ထောင်သူအဖြစ်မှ နုတ်ထွက်ခဲ့သည်။
ယခုလေလံတင်ရောင်းချမည့်စာရွက်စာတမ်းများတွင် ရွန်းဝေနီ တည်ထောင်သူအဖြစ်မှ နုတ်ထွက်သည့် စာရွက်စာတမ်းများပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် လေလံတင်ရောင်းချမည်ဖြစ်သည်။
ရွန်းဝေနီသည် အက်ပဲလ်၏ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သောကြောင့် ယခု မျက်မှောက်တန်ကြေးအရ ကန်ဒေါ်လာ ၄၀၀ ဘီလီယံတန်ကြေးရှိသဖြင့် ၎င်း၏ နုတ်ထွက်ခြင်းသည် သမိုင်းတွင် အကြီးဆုံး ငွေကြေးဆုံးရှုံးမှုဖြစ်ကြောင်း သိရသည်။
ကိုးကား - VN Express
ဘာသာပြန် - စိုးသူရ


