ရန်ကုန် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ် (ကြည့်မြင်တိုင်ဘဏ်ခွဲ)သို့ ကွင်းဆင်း ဆောင်ရွက်ပေးသည်။

အဆိုပါဆောင်ရွက်ပေးခြင်းကို အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် လွတ်လပ်ရေးရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်   (ကြည့်မြင်တိုင်ဘဏ်ခွဲ)သို့  သွားရောက်၍ ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်း၊ ကုသမှုပေးခြင်း၊ ကျန်းမာရေး  အသိပညာပေးခြင်း၊  စစ်ဆေးပေးခြင်း၊  ဆေးကုသမှုပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ထိုသို့ကုသပေးရာတွင်    အငြိမ်းစားဝန်ထမ်း    ၄၄၈   ဦးအား ဆေးကုသမှုပေးခြင်းနှင့် ဘဏ်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း ၁၁၄၆ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer(Comirnaty JN.1) ထိုးနှံပေးခဲ့ပြီး ဘဏ်ဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးလုပ်ငန်းများနှင့်  အဘိတ်ဆေးခတ်ခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)