ဝေါ ၂၈ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးညီညီအောင်၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ငွေကြေးအကျိုးခံစားခွင့် ပေးအပ်ပွဲကို ဖေဖော်ဝါရီ (၂၇) ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ် လျှပ်စစ်အင်နီယာရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှ လူမှုဖူလုံရေးရပိုင်ခွင့်များအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်လျှပ်စစ်အင်နီယာရုံး(ဝေါမြို့)မှ အာမခံအလုပ်သမား ဦးညီညီအောင်၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ငါးဆယ်လေးသိန်းတိတိအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ဇနီးဖြစ်သူ ဒေါ်ဝင်းသို့ ပေးအပ်ခဲ့သည်။
ယင်းနောက် အကျိုးခံစားခွင့် လက်ခံရရှိသည့် အာမခံအလုပ်သမား၏ မိသားစုကိုယ်စား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မိုးဦး က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ငွေကြေး အကျိုးခံစားခွင့် အလုပ်တွင် ထိခိုက်မှုအတွက် ခွင့်ပြုရမည် အကျိုးခံစားခွင့် စုစုပေါင်း ငွေကျပ် ၆၁၅၀၆၀ဝ အား ထုတ်ပေးခဲ့ကြောင်းသိရသည်။
အောင်မြတ်လင်း( ပြန်ဆက်)


