ဝါရှင်တန် ဒီဇင်ဘာ ၉
အမေရိကန်နှင့် သြစတြေးလျနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများသည် အော့ခ်ကပ်စ်လုံခြုံရေး သဘောတူစာချုပ်ကို ဆက်လက်လုပ်ဆောင်ရန် ၎င်းတို့၏ရည်ရွယ်ချက်ကို အတည်ပြုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သ်တို့သည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါဝေါင်းနှင့် ကာကွယ်ရေးဝန်ကြီး ရစ်ချာ့ဒ်မာလပ်စ်တို့နှင့် ဝါရှင်တန်တွင် ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံခဲ့သည်။
အစည်းအဝေးမစတင်မီ ဟက်ဆက်သ်က မိမိတို့သည် အော့ခ်ကပ်စ်ကို အရှိန်အဟုန်အပြည့်ဖြင့် ဆက်လက်ရွေ့လျားသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
သြစတြေးလျ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့ကြား အော့ခ်ကပ်စ်သဘောတူညီချက်ကို ပြန်လည် သုံးသပ်နေသည်ဟု ဇွန်လတွင် အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။
လုံခြုံရေးသဘောတူညီချက်ကို ပိုမိုအားကောင်းစေခြင်းသည် အဖွဲ့ဝင်နိုင်ငံများ၏အကျိုးအတွက် ဖြစ်လိမ့်မည်ဟု ဝန်ကြီးလေးဦးက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


