ဩဂုတ် ၁၈
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် အရေးပေါ်အခြေအနေ အတွက်ပြင်ဆင်ရန်ရည်ရွယ်ကာ ၎င်းတို့၏ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သည်။
နှစ်စဉ် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် တောင်ကိုရီးယား၌ စတင်ပြုလုပ်ကာ သြဂုတ်လ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ဇွန်လက သမ္မတ လီဂျယ်မြောင်တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။
ထိုစစ်ရေးလေ့ကျင့်မှုအား ပုံမှန်အတိုင်း တူညီသောအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု တောင်ကိုရီးယားတပ်ဖွဲ့က ပြောကြားသည်။
အကြမ်းဖျင်းအားဖြင့် ကွင်းဆင်းစစ်ရေးလေ့ကျင့်မှု ၄၀ ၏ ထက်ဝက်ခန့်ကို လာမည့်လအထိ ရွှေ့ဆိုင်းထားသည်။ လီအစိုးရသည် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းနေသောကြောင့် ယင်းစစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းခြင်းသည် မြောက်ကိုရီးယားနိုင်ငံအတွက် ထည့်သွင်းစဉ်းစားဖွယ် ရှိသည်ဟု တောင်ကိုရီးယားမီဒီယာအများအပြားက ဖော်ပြခဲ့ကြသည်။
မြောက်ကိုရီးယားက ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန်ဆန့်ကျင်ပြီး တန်ပြန်အရေးယူမှုများ ပြုလုပ်ရန် တုံ့ဆိုင်းမည်မဟုတ်ကြောင်း အလေးပေးပြောကြားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် မြောက်ကိုရီးယား၏လှုပ်ရှားမှုများအပေါ် သတိနှင့် စောင့်ကြည့်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


