နယူးယောက် စက်တင်ဘာ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလအတွင်း အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်၍ ရှစ်လတာကာလအတွင်း အမေရိကန်နိုင်ငံနှင့်တကွ ဆောင်ရွက်မှုများကို ချီးမွမ်းပြောဆိုခဲ့သည်။
ထရမ့်သည် စက်တင်ဘာ ၂၃ ရက်က အထွေထွေညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားရာ တွင် ၎င်းအနေဖြင့် စစ်ပွဲခုနစ်ပွဲကို အဆုံးသတ်စေခဲ့ကြောင်း၊ အဆိုပါအောင်မြင်မှုများအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရသင့်သည်ဟု လူတိုင်းကပြောနေကြသော်လည်း ဆုရရှိခြင်းကို စိတ်မဝင်စားကြောင်း၊ လူ့အသက်များကို ကယ်ဆယ်ခြင်းသာဖြစ်ကြောင်း ထရမ့်က ပြောသည်။
ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသည့် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ကို ၎င်းက ဝေဖန်ခဲ့ကြောင်း၊ ဂါဇာစစ်ပွဲကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး ဓားစာခံများပြန်လည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အလေးထားရန်လိုအပ်ကြောင်း ထရမ့်က ပြောသည်။ ကုလသမဂ္ဂတွင် ကြီးမားသောစွမ်းဆောင်ရည်အလားအလာရှိသော်လည်း ယခုအချိန်အထိ ထိုစွမ်းရည်နှင့်ဝေးနေသေးသည်ဟု ထရမ့်က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


