ဝါရှင်တန်  အောက်တိုဘာ  ၂၆

ကနေဒါနိုင်ငံ   အွန်ထရီယိုပြည်နယ်က   အကောက်ခွန်ဆန့်ကျင်ရေး ကြော်ငြာထုတ်လွှင့်ပြီးနောက်  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်သည် ကနေဒါနိုင်ငံအပေါ်  အကောက်ခွန်  ၁၀ ရာခိုင်နှုန်း တိုးသွားမည်ဟု ကြေညာခဲ့သည်။

အဆိုပါကြော်ငြာမှာအလိမ်အညာဟု ပြောဆိုခဲ့ပြီး လွဲမှားသည့်အချက်များကို တင်ပြခြင်းနှင့်   ရန်လိုသည့်အပြုအမူများကြောင့် အခွန်တိုးမြှင့်ခြင်းဖြစ်သည်ဟု ထရမ့်က လူမှုကွန်ရက်မီဒီယာတွင် အောက်တိုဘာ ၂၅ ရက်က ပြောသည်။

အဆိုပါကြောငြာထဲတွင် အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၏ ရေရှည်တွင် အကောက်ခွန် များသည် အမေရိကန်၏စီးပွားရေးတိုးတက်မှုကို ထိခိုက်စေလိမ့်မည်ဟူသောမှတ်ချက်ကို ကိုးကားထားသည်။   ထရမ့်၏ဝေဖန်မှုကို တုံ့ပြန်သည့်အနေဖြင့်   အောက်တိုဘာ ၂၇   ရက်မှစတင်၍  အဆိုပါကြော်ငြာကို   ရုပ်သိမ်းသွားမည်ဟု အွန်ထရီယိုပြည်နယ်က ကြေညာခဲ့သည်။

အမေရိကန်၊  ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ကြား ကုန်သွယ်ရေး သဘောတူညီချက်နှင့် ကိုက်ညီမှုရှိသည့်    ကုန်ပစ္စည်းများကို ကင်းလွတ်ခွင့်များပေးထားချိန်တွင် ကနေဒါကုန်စည်များအပေါ် အခွန် ၃၅ ရာခိုင်နှုန်း အခြေခံအားဖြင့် စည်းကြပ်ထားသည်။

အင်န်အိတ်ချ်ကေ