တိုကျို အောက်တိုဘာ ၃၀

အမေရိကန်ထုတ်   ကားမော်ဒယ်များ  ဂျပန်နိုင်ငံသို့  တင်သွင်းရန် တိုယိုတာကုမ္ပဏီက  စီစဉ်လျက် ရှိသည်ဟုသိရသည်။ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုကိုဖြတ်တောက်ရာတွင်ကူညီရန် ရည်ရွယ်၍ အမေရိကန်ထုတ်ကားများ တင်သွင်းရန် စီစဉ်ခြင်းဖြစ်သည်။

ကုန်သွယ်ရေးသဘောတူညီချက်   အစိတ်အပိုင်းတစ်ခုအနေဖြင့်   ကုန်သွယ်ရေးတင်းမာမှုကို ဖြေရှင်းရန် ဂျပန်အစိုးရက ကတိပြုထားသည်။   Camry   sedan ကားအမျိုးအစားသည် ဂျပန်ပြည်တွင်းစျေးကွက်သို့ တင်သွင်းရန် စဉ်းစားနေသည့်  ကားအမျိုးအစားတွင် ပါဝင်သည်ဟု ကုမ္ပဏီ က ပြောသည်။

အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်သည် ၎င်း၏တိုကျိုခရီးစဉ်အတွင်း ဂျပန်စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်သမ္မတ တွေ့ဆုံခဲ့သည့် စီးပွားရေး ခေါင်းဆောင်များထဲတွင်  တိုယိုတာကုမ္ပဏီဥက္ကဋ္ဌ တိုယိုဒါအာကီယိုလည်း ပါဝင်သည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံစီးပွားရေးအမြင်များကို ဆွေးနွေးခဲ့ကြသည်။ နစ်ဆန်းကုမ္ပဏီသည်လည်း အမေရိကန်ထုတ်ကားများ တင်သွင်းရန်စဉ်းစားနေသည့် နောက်ထပ်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး  ဂျပန်၏ ကားလိုအပ်ချက်နှင့်  အကျိုးဖြစ်ထွန်းမှုအပေါ်စစ်ဆေးနေသည်ဟု ကုမ္ပဏီက ပြောသည်။     

အင်န်အိတ်ချ်ကေ