နေပြည်တော်  ၁၉ ဖေဖော်ဝါရီ 

 

အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ မှူးရဲမှူးချုပ်ဝင်းနိုင်၊ မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ UNODC မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသား မဟာဗျူဟာစီမံချက်မူကြမ်း ပြုစုထားရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြသည်။ 

 

ယင်းနောက် သက်ဆိုင်ရာကဏ္ဍများအလိုက် နှီးနွယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများမှ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ အမျိုးသား မဟာဗျူဟာစီမံချက် (National Strategic Plan) အတည်ပြုနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ တင်ပြခြင်းများ ဆောင်ရွက်ပြီး မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)