ဒမတ်စကတ် ဒီဇင်ဘာ ၉
ဆီးရီးယားသမ္မတဟောင်း ဘတ်ရှာအယ်လ်အာဆက် ပြုတ်ကျပြီးတစ်နှစ်ပြည့်မြောက်သည့်အချိန်တွင် ဆီးရီးယားယာယီသမ္မတ အာမက်အယ်လ်ရှာရာက အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တောင်းဆိုလိုက်သည်။
အာဆက်အစိုးရသည် မျိုးဆက်နှစ်ဆက်ကျော်တိုင် ရာစုနှစ်ထက်ဝက်ကျော် ဆီးရီးယားနိုင်ငံကို ထိန်းချုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အစိုးရယန္တရားပြိုလဲခဲ့သည်။
ရှာရာလက်ထက်တွင် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။
ရှာရာသည် ဒီဇင်ဘာ ၈ ရက်တွင် ဒမတ်စကတ်၌ စစ်ဝတ်စုံဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ရှာရာသည် လွန်ခဲ့သောနှစ်က ၎င်း၏အောင်မြင်မှုများကို ဦးစားပေးဖော်ပြခဲ့သည်။ ထို့အပြင် ဆီးရီးယား ပြည်သူများကို စိတ်ရှည်တည်ကြည်မှုမှသည် အောင်မြင်မှုများဆီသို့ ဆက်လက်ချီတက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမှတစ်ဖန် အောင်မြင်မှုကို တာဝန်တစ်ခုအဖြစ်သတ်မှတ်ရန်နှင့် နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးအတွက် ပြင်းပြင်းထန်ထန်အလုပ်လုပ်ကြရန် တိုက်တွန်းခဲ့သည်။
ရှာရာခေါင်းဆောင်ဖြစ်လာချိန်တွင် ယခင်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကိုလည်း အနောက်နိုင်ငံများက ဖယ်ရှားပေးခဲ့သည်။
ယာယီသမ္မတသည် ဆယ်စုနှစ်တစ်ခုကျော် ပြည်တွင်းစစ်အပြီးတွင် နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီဖြင့် ဆီးရီးယားနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးကို အရှိန်မြှင့်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ


