နေပြည်တော် ၂၆ ဖေဖော်ဝါရီ 
    

 

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် စင်ကာပူသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ သံမှူး Mr. Koh Chee Chian အား ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် သံရုံးဒုတိယအကြီးအကဲသံမှူး Mr. Koh Chee Chian ၏ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

 


(သတင်းစဉ်)