အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၂၈ မတ်

မအူပင်တက္ကသိုလ်၊ရူပဗေဒဌာနမှ ကြီးကြပ်သူဆရာ၊ ဆရာမ(၇) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၄၁) ဦး စုစုပေါင်း (၄၈) ဦးတို့သည်လည်းကောင်း၊ ပြင်သစ်နိုင်ငံသား ဧည့်သည် (၆) ဦးနှင့် ဧည့်လမ်းညွှန်(၁) ဦးတို့သည် ယနေ့တွင် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြောင်း သိရသည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့် ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၉၀၅၄) ဦးနှင့်ပြည်ပဧည့်သည် (၁၈၇၁) ဦးရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)