နေပြည်တော် ၂၆ ဖေဖော်ဝါရီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ရဲတပ်ဖွဲ့မှ Chief Superintendent Mr. Ronny Chan Man-tak နှင့်အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဟောင်ကောင်ရဲတပ်ဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲလေ့ကျင့်ရေးအရာရှိချုပ်တို့ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


