မိုးနဲ  ၂၁ ဖေဖော်ဝါရီ          

 

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးအိမ်တွင်းမှု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၁၉)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌  ကျင်းပခဲ့သည်။

 

81

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန  ရွာငံအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မာထူးက သင်တန်းပို့ချပေးခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြ ဆရာမများအား ဂါရဝပြုလက်ဆောင်များကို မြို့နယ်အုပ် ချုပ်ရေးမှူးနှင် ့တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

 

82

 

အဆိုပါ သင်တန်းကို ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာခြင်းဖြင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ ၃၆ ဦးအား ကျွမ်းကျင် စက်ချုပ်ပညာရှင်များက တစ်လကြာ သင်ကြားပို့ချပေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)