အမရပူရ ၂၁ အောက်တိုဘာ
အမရပူရမြို့သည် ရှေးအခါကပင် ဖွံ့ဖြိုးစည်ပင်ခဲ့သော သမိုင်းဝင် ရှေးဟောင်းမြို့ ပင်ဖြစ်သည်။အမရပူရမြို့သည် ဘုရားဗျာဒိတ် သိုက်စာဟောင်းနဲ့အညီ ထီးပေါင်းကား အရပ်၌ တည်ခဲ့သည်ဟုဆိုသည်။ မြို့၏လက်ယာက တောင်သမန်အင်း၊ ဒုဋ္ဌဝတီမြစ်၊ လက်ဝဲဘက်က တက်သေးအင်း၊အရှေ့ဘက်အောင်ပင်လယ်၊ ကြူဝန်းဆည်၊ အနောက်ဘက်ဧရာဝတီမြစ်တို့ ခြံရံသည်။သက္ကရာဇ် ၁၁၄၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်မှစတင်ကာ မြိုတည်ရန် ရှင်းလင်းခဲ့သည်။
ပြာသိုလပြည့်ကျော်(၁)ရက်နေ့တွင် မြို့တော်ကိုရွှေပန္နက် ငွေပန္နက်စိုက်သည်။ သက္ကရာဇ် ၁၁၄၅ ခုနှစ် နယုန်လဆန်း(၅)ရက် တနင်္လာနေ့တွင် ပြသာဒ် ရွှေထီး ပလ္လင်တော်ရှစ်ရပ် တင်စေသည်ဟု သိရသည်။ ဘိုးတော်မင်းတရားသည် သာသနာရေး ပညာရေးနှင့်တိုင်းပြည် ဝပြောအောင် အားပေးသော ဘုရင်အဖြစ် ထင်ရှားသည်။ သာသနာပြုလုပ်ငန်းများကို များစွာပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၃၈ နှစ်ကြာ နန်းစံခဲ့သည့်ကာလအတွင်း စေတီပုထိုးများစွာကို ထူးခြားစွာတည်ခဲ့ သည်။ ထိုစေတီများထဲတွင် မင်းကွန်းပုထိုးတော်ကြီး ၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီး၊ မင်းကွန်းကြက်ထောင့်ကန်ကြီးတို့လည်း ပါဝင်သည်။
အမရပူရမြိုတွင် ရှေးဟောင်း အမရပူရခေတ်ပန်းတော့ ပန်းတမော့လက် ရာများကို လေ့လာနိုင် သည့် စေတီများရှိသည်။ ထိုစေတီများထဲတွင် အမရပူရခေတ်တွင် အင်္ဂလိပ် သံတမန်များက စံထားချီးကျူးခဲ့ရသည့် အကောင်းဆုံးသောပန်း တမော့လက် ရာဘုရား တစ်ဆူရှိသည်။ ထိုဘုရားမှာ နဂါးရုံဘုရားပင် ဖြစ်သည်။ နဂါးရုံဘုရားမှာ အမရပူရမြို့ ရွှေဂွမ်းထုတ်ရပ်ကွက်နှင့် ဖန်ချက်ရပ်ကွက်ကြားတွင် တည်ရှိသည်။ တောင်သမန်အင်း ကိုမုဉ္ဓလိန္ဒာ အမှတ်ပြု၍ တည်ထားသည်ဟုဆိုသည်။ အရှေ့ဘက်သို့ မျက်နှာမူထားပြီး အမြင့်ပေ (၂၀ဝ)ကျော်ရှိသည်။ ယခုအခါ ရှေးခေတ်အမရပူမြို့တွင် အင်္ဂလိပ်သံတမန်များကပင် ချီးမွမ်းအား ကျခဲ့ရပြီး ယခုထက်တိုင် လက်ရာမပျက် တည်ရှိနေသော နဂါးရုံဘုရားကို လေ့လာဖူးမြော်နိုင်သည်။
တိမ်တမန်


