ဂျကာတာ နိုဝင်ဘာ ၁၇
လွန်ခဲ့သော သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ် ကီလာကပ်ဒေသ၌ ဖြစ်ပွားခဲ့သော မြေပြိုကျမှုကြောင့် ယခုအခါတွင် သေဆုံးသူဦးရေမှာ ၁၆ ဦးအထိ ရောက်ရှိလာပြီး ခုနစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းကယ်ဆယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်ညက မိုးသည်းထန်စွာရွာခဲ့ခြင်းကြောင့် ထိုသို့ မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာရူကန်နှင့် စီဘူရက်ရွာများရှိ လူနေအိမ်ခြေ ၁၆ လုံးလည်း ပျက်စီးခဲ့ကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ၏ အရေးပေါ်ဌာန အကြီးအကဲ မူဟာမက် ချွမ်ဆဲလ်က ပြောကြားခဲ့သည်။ မကြာသေးမီရက်များအတွင်း နောက်ထပ် သေဆုံးသူရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြေသားမတည်ငြိမ်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း ချွမ်ဆဲလ်က ပြောကြားခဲ့သည်။ မိုးလေဝသအခြေအနေမကောင်းခြင်းကလည်း အဓိကအချက်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် အဆုံးသတ်ခဲ့သည်။ နောက်ထပ် မိုးရွာသွန်းမှုများက မြေပြိုကျမှုများကို ထပ်မံဖြစ်ပွားစေသည်။
ဒေသခံ ၁၁၂ ဦးတို့သည် ရွာရှိရုံးများ၊ စာသင်ကျောင်းအဆောက်အအုံများတွင် ခိုလှုံနေထိုင်ကြသည်ဟု ချွမ်ဆဲလ်က ပြောသည်။
ဆင်ဟွာ


