ဂျကာတာ  အောက်တိုဘာ  ၁၅

အင်ဒိုနီးရှားနိုင်ငံ အိစ်နူဆာတန် ဂါရာပြည်နယ်ရှိ  လေဝိုတိုဘီ လာကီ-လာကီ   မီးတောင်သည် အောက်တိုဘာ ၁၅  ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးခိုးပြာများမှာ    ကောင်းကင်ယံအထက် ၁၀  ကီလိုမီတာအမြင့်အထိ ပန်းထွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အမြင့်ဆုံးလေကြောင်းဆိုင်ရာသတိပေးချက်ကို   ထုတ်ပြန်ခဲ့ရကြောင်း မီးတောင်ဗေဒအေဂျင်စီက  ပြော သည်။

မီးတောင်နှင့် ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးဌာနက ဖလောရက်စ်ကျွန်းပေါ်ရှိ အဆိုပါ မီးတောင်သည်  အောက်တိုဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၃၅ မိနစ်တွင် ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်း  သတင်းထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းချိန်တွင်      ချော်ရည်စီးဆင်းမှုဖြစ်ပေါ်လာနိုင်သောကြောင့် ဒေသခံအသိုင်းအဝိုင်းအား   သတိဝီရိယဖြင့်နေထိုင်ကြရန်   တိုက်တွန်းထားသည်။

ထို့ပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေနိုင်သော မီးခိုးပြာများနှင့်    ထိတွေ့မှုကို လျှော့ချရန်အတွက် နှာခေါင်းစည်းများ တပ်ဆင်ကြရန်လည်း တိုက်တွန်းထားသည်။

လေဝိုတိုဘီ လာကီ-လာကီ မီးတောင်သည်  ၁၅၈၄ မီတာအမြင့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင် အရှင်  ၁၂၇  လုံးအနက်မှ တစ်လုံးဖြစ်ကြောင်း  သိရသည်။                                                                                                                  

ဆင်ဟွာ