ဂျကာတာ    ဒီဇင်ဘာ    ၉

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ၂၂ ဦး  သေဆုံးကြောင်း  တာဝန်ရှိသူများက ဒီဇင်ဘာ ၉ ရက်တွင် ပြောသည်။

မီးသတ်ယာဉ် ၂၉ စီးဖြင့် မီးသတ်သမား ၁၀၁ ဦးသည် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို  ဆောင်ရွက်နေကြောင်း ဂျကာတာမီးသတ်ဌာနမှ တာဝန်ရှိသူ ဒီဝီဆီတန်တိုက ပြောသည်။

မီးလောင်မှုဖြစ်ပွားကြောင်း မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်တွင် အကြောင်းကြားချက်ရရှိပြီးနောက် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းဒရုန်းယာဉ် ထုတ်လုပ်ရေးလုပ်ငန်းရုံးအတွင်း ဒရုန်းများအတွက် လီသီယန်ဘက်ထရီများ ထုတ်လုပ်ရာနေရာတွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး လုပ်သားများသည် မီးခိုးမွှန်သည့် ဝေဒနာကို ခံစားခဲ့ရကြောင်း သိရသည်။  ညနေ ၅ နာရီ ၅ မိနစ်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - စိုးသူရ