နိုဝင်ဘာ ၁၃
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းကာလီမန်တန်ပြည်နယ်ရှိ မဟာခမ်မြစ်တွင် သင်္ဘောတစ်စင်းနစ်မြုပ်ပြီးနောက် လူရှစ်ဦးသေဆုံးခဲ့ကြောင်း ထိုပြည်နယ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအကြီးအကဲက ယနေ့တွင် ပြောကြားခဲ့သည်။
သင်္ဘောသားသုံးဦးအပါအဝင် လူ ၂၈ ဦးတင်ဆောင်လာသော သင်္ဘောသည် အနောက်ပိုင်း ကူတိုင်းခရိုင်ရှိ မြစ်အထက်ပိုင်းဒေသတွင် နိုဝင်ဘာ ၁၀ ရက်နေ့ညနေပိုင်းက နစ်မြုပ်သွားခဲ့သည်ဟု ၎င်းကဆိုသည်။ လူ ၂၀ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကနဦးတွင် အခြားရှစ်ဦးပျောက်ဆုံးကြောင်း ဖော်ပြထားသည်။
ကယ်ဆယ်ရေးသမားဦးရေ ၅၀ သည် ရော်ဘာလှေများကို အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ခဲ့သည်။ ပျောက်ဆုံးနေသူ ရှစ်ဦးစလုံး သေဆုံးနေသည်ကို ယမန်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၀ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုအချိန်က သင်္ဘောပေါ်တွင် ဘိလပ်မြေများသယ်ဆောင်လာကြောင်း၊ ရေစီးကြောင်းပြင်းထန်ခြင်းနှင့် ဝန်ပိုတင်ဆောင်လာခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ယုံကြည်ရကြောင်း ၎င်းကပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


