ဂျကာတာ အောက်တိုဘာ  ၁၆

အင်ဒိုနီးရှားနိုင်ငံ  ပါပူအာပြည်နယ်၌   အောက်တိုဘာ ၁၆ ရက်က ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်သွားကြောင်း၊ ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှုများမရှိကြောင်း သိရသည်။

ဘူမိရူပဗေဒ၊ ရာသီဥတုနှင့် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ငလျင်၏ဗဟိုချက်နေရာသည်   ဆာမီခရိုင်   အရှေ့တောင်ဘက် ၃၂ ကီလိုမီတာအကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်၏ အနက်မှာ    ၃၂    ကီလိုမီတာဟု    သိရသည်။   ငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိချေ။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးကွင်းပေါ်တွင်ရှိသည့် ကျွန်းများစွာပါဝင်သည့်နိုင်ငံဖြစ်ပြီး   မီးတောင်ပေါက်ကွဲမှုနှင့်   ငလျင်လှုပ်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။                  

ဆင်ဟွာ