အောက်တိုဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံ ရီအာယူ ကျွန်းစု ဘာတမ်ကျွန်းရှိ သင်္ဘောကျင်းတစ်ခုတွင် ယမန်နေ့အစောပိုင်းက ပြုပြင်မှုလုပ်နေသည့် ရေနံတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၁၀ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများသည် ဘာတူအာဂျီဒေသရှိ PT ASL သင်္ဘောကျင်း ရေနံတင်သင်္ဘော Federal II တွင် အလုပ်လုပ်ကိုင်လျက်ရှိသော နည်းပညာသမားများဖြစ်သည်ဟု သိရသည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  ဘာတူအာဂျီ ရဲမှူး Raden Bimo Dwi Lambang က ပြောကြားပြီး ဇွန်လကအလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး အလုပ်သမားလေးဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အာဏာပိုင်များက ထိုမီးလောင်မှုဖြစ်ပွားရသောအကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို